ဒေါ်နယ်ထရန့် သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် အမေရိကန်က ထိုင်းနယ်စပ်စခန်းများရှိ မြန်မာဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးအစီအမံကို ပယ်ဖျက်ဖွယ်ရှိဟု The Nation သတင်းဌာနဖော်ပြ
အမေရိကန်၏ ၄၇ ဦးမြောက်သမ္မတ အဖြစ် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့် ရွေးကောက်ခံရပြီးနောက် အမေရိကန်ပြည်ထောင်စုက ထိုင်းနယ်စပ်ဒေသများရှိ စခန်းများတွင် လတ်တလောနေထိုင်နေကြသော မြန်မာဒုက္ခသည်များအတွက် အမေရိကန်၏ပြန်လည်နေရာချထားရေး အစီအမံကို ပယ်ဖျက်ဖွယ်ရှိသည်ဟု လူ့အခွင့်အရေးကျွမ်းကျင်သူတစ်ဦးကပြောကြားကြောင်း ထိုင်းအခြေစိုက်သတင်းဌာနက The Nation က နိုဝင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။