အီလွန်မာ့စ်နှင့် ရုရှားသမ္မတပူတင်တို့အကြား အဆက်အသွယ်ရှိခဲ့သည်ဆိုသည့်သတင်းများကို စုံစမ်းစစ်ဆေးရန် ဒီမိုကရက်တစ်ပါတီအမတ်များ တောင်းဆို
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မာ့စ်သည် မကြာသေးမီနှစ်များအတွင်း ရုရှားသမ္မတပူတင်နှင့် အခြားရုရှားထိပ်သီး အရာရှိများနှင့် အဆက်အသွယ်ရှိခဲ့သည်ဆိုသည့်သတင်းများကို စုံစမ်းစစ်ဆေးရန် ဒီမိုကရက်တစ်အထက် လွှတ်တော်အမတ် နှစ်ဦးက ပင်တဂွန်နှင့် တရားရေးဝန်ကြီးဌာနတို့ကို တိုက်တွန်းခဲ့သည်။