ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ကျပ် ၃၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ ကင်ဆာရောဂါကုသစက်သုံးလုံးနှင့် ၂ ဒသမ ၅၅ ဘီလျံတန်ဖိုးရှိ ကုသမှုအထောက်အကူပြုစက် စတင်အသုံးပြု
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ကျပ် ၃၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်သုံးလုံးနှင့် ၂ ဒသမ ၅၅ ဘီလျံတန်ဖိုးရှိ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအထောက်အကူပြုစက်(CT Simulator) တစ်လုံး စတင်အသုံးပြုခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။