ဂါဇာမှ ဓားစာခံအားလုံးကို သတ်မှတ်ချိန်အတွင်း ပြန်လွှတ်မပေးပါက အခြေအနေအလွန်ဆိုးရွားလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ခြိမ်းခြောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂါဇာမှ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရန် ဖေဖော်ဝါရီ ၁၅ ရက်ကို နောက်ဆုံးအချိန်အ အဖြစ် သတ်မှတ်လိုက်ပြီး ပြန်မလွှတ်ပါက အခြေအနေသည် အလွန်အမင်းဆိုးရွားသွား လိမ့်မည်ဟုပြောကြားခဲ့ကာ အစ္စရေး- ဟား မာ့စ် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းရန် တောင်းဆိုရလိမ့်မည်ဟု ဆိုသည်။