ဘန်ကောက် အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ ၃၂ ဦးထိ ရှိလာပြီး ၆၂ ဦး ဆက်လက်ပျောက်ဆုံးနေ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချာတူချတ်ဈေးအနီး အထပ် ၃၀ အမြင့်ရှိ ဆောက်လက်စတိုက် ပြိုကျမှုတွင် သေဆုံးသူ ၃၂ ဦးအထိရှိလာပြီး ၆၂ ဦး ပျောက်နေဆဲဖြစ်ကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) က ဧပြီလ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။