ဧပြီ ၂၅ ရက် နံနက်ပိုင်း သတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
■ ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ငလျင်ဒဏ်ခံကျောင်းများအနေဖြင့် နှစ်သုတ်တက်စနစ်ဖြင့် တက်ရောက် နိုင်ရေးစီစဉ်ပြီး ယာယီကျောင်းဆောင်များလည်း စတင်တည်ဆောက်နေ
■ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ပုံမှန်အတိုင်း ဆောင်ရွက်နေပြီး QR စနစ် မကြာမီရက်ပိုင်းအတွင်း ပြန်ရမည်ဟုဆို
■ ကက်ရှ်မီးယားတွင် လူ ၂၆ ဦးကို သတ်ဖြတ်ခဲ့သည့် သေနတ်သမားများကို အိန္ဒိယရဲတပ်ဖွဲ့က လိုက်လံရှာဖွေ
■ ယူကရိန်းစစ်ပွဲတွင်ရုရှားဘက်က တရုတ်စစ်သားများပါဝင်နေခြင်းနှင့် စစ်လက်နက်များထုတ်လုပ်ရာတွင်ရုရှားကို တရုတ် ကုမ္ပဏီများက ကူညီနေခြင်းတို့ကို ယူကရိန်းက တရုတ်သံအမတ်အားဆင့်ခေါ်ပြောကြား
■ လီဗာပူးလ်နှင့် စာချုပ်သက်တမ်းတိုးခဲ့သော်လည်း ဆာလာအား ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း ဆော်ဒီ အားကစားဝန်ကြီး ဝန်ခံ