ခန် ့မှန်းငွေကျပ် သိန်းနှစ်ထောင့်ငါးရာဝန်းကျင်ခန် ့ အကုန်အကျခံပြုလုပ်သွားမယ့် ရန်ကုန်အင်းလျားလမ်းလျှောက် သင်္ကြန်ပွဲတော်
မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်ရဲ ့နှစ်သစ်ကူးအခါသမယမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ကနေကြီးမှူးပြီးတော့ မြတ်မေတ္တာမွန် ကုမ္ပဏီမှကျင်းပမယ့် ရန်ကုန်အင်းလျားလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ခန် ့မှန်းငွေကျပ် သိန်းနှစ်ထောင့်ငါးရာဝန်းကျင် အကုန်အကျခံကာ ဧပြီလ ၁၃ ရက်နေ ့ကနေ ၁၆ရက်နေ ့ အထိဆင်နွှဲသွားမယ်လို ့သိရပါတယ်။ အဆိုပါပွဲတော်မှာတော့ တိုင်းရင်းသား ဇုံ (၈) ဇုံနဲ့ဖျော်ဖြေရေး ဇုံကြီး ၁ဇုံပါဝင်မှာဖြစ်ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ရဲ ့ ခံစားမှုရသအစစ်ကို ရရှိစေမယ်လို ့ သိရပါတယ်။