မိုဇမ်ဘစ်နှင့် ဇင်ဘာဘွေနိုင်ငံတွင် အီဒိုင် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် သေဆုံးသူ ၃၀၀ ကျော်အထိ ရှိလာ
မိုဇမ်ဘစ်နဲ့ ဇင်ဘာဘွေနိုင်ငံတွေကို ဆိုင်ကလုန်းမုန်တိုင်း အီဒိုင် ဝင်ရောက်ခဲ့မှုကြောင့် သေဆုံးသူ ဦးရေဟာ ၃၀၀ ကျော်အထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေကို အပူတပြင်း ဆောင်ရွက်နေရပြီး ကုလသမဂ္ဂကလည်း ၄င်းနိုင်ငံတွေကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ထားတယ်လို့ သိရပါတယ်။