မြန်မာအမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရခြင်းမှာ စျေးကွက်တစ်ခုဖြစ်နေဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တာဝန်ရှိသူပြော
မြန်မာအမျိုးသမီးတွေကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရခြင်းမှာ စျေးကွက်တစ်ခုဖြစ်နေပြီး အန္တရာယ်ကြီးနေတယ်လို့ အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မန္တလေး)မှ ရဲမှူး မျိုးဇင်က ပြောပါတယ်။