ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
ပြည်ပသို့အရေးပေါ် သွားရောက်ရမည့်သူများ နိုင်ငံကူးလက်မှတ်ကို အမြန်ဝန်ဆောင်မှုဖြင့် လျှောက်ထားနိုင်ပြီး စာအုပ်ဖိုးအပါ အဝင် ကျပ်ငါးသိန်းခွဲနီးပါးကုန်ကျမည်
စစ်ကိုင်းမြို့နယ်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ကျပ် ၃၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော် မကွေးတိုင်း မင်းဘူးမြို့တွင် ဖမ်းဆီးရမိ
အုန်းတော(စစ်ကိုင်း) နှင့် ညောင်ပင်ကြီး ဓာတ်အားခွဲရုံအကြား ဖျက်ဆီးခံရသည့် မဟာဓာတ်အားလိုင်း ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိသေးသည့်အတွက် စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ မြို့များ လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်မည်
ဇန်နဝါရီလ ပထမဆယ်ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်
ဂါဘွန်အသင်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် အူဘာမီယန်း မာဆေးလ်အသင်းနဲ့ ပြန်လည်ပူးပေါင်း









