ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
- ပို့ကုန်လုပ်ငန်းရှင်များ ပို့ကုန်လိုင်စင်လျှောက်ထားသည့် စောင်ရေနှင့် ပမာဏအတိုင်း တင်ပို့ကြရန်နှင့် ဗဟိုဘဏ်က သတ်မှတ် ထားသည့်ကာလအတွင်း ပို့ကုန်ရငွေ အပြည့်အဝပြန်လည်ဝင်ရောက်နိုင်ရေး ဆောင်ရွက်ကြရန် ထုတ်ပြန်
- မြန်မာ့ရိုးရာမုန့်မျိုးစုံပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး သန့်ရှင်းကောင်းမွန်စွာ မုန့်ပြုလုပ်နိုင်သူတစ်ဦးစီကို ယင်လုံမှန်အိမ် တစ်လုံးနှင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်သည့် အရင်းအနှီးမတည်ငွေ ချီးမြှင့်မည်
- သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) တွင် ၁၆ ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် ဇန်နဝါရီ ၂၇ ရက်မှစ၍ ကုသမှု ခံယူသူစာရင်း လက်ခံမည်
- ဆိုက်ဘာလိမ်လည်မှုစွဲချက်များဖြင့် အမေရိကန်၏ တရားစွဲဆိုမှုကိုခံထားရသည့် ကမ္ဘောဒီးယားအခြေစိုက် တရုတ် နွယ်ဖွားလုပ်ငန်းရှင်ကြီးတစ်ဦးကို ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းအပ်နှံ
- အာဆင်နယ်အသင်းအမှတ်တံဆိပ်ပါ ခွက်ကိုင်ခဲ့လို့ စပါးနည်းပြ ပြစ်တင်ခံရ















