မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ်

မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ်
Published 10 March 2026

မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )

အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ပါက လိုအပ်သည့်ဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်ရေးအတွက် Helpline ဖုန်း ၁၅၆၆ ကို ၂၄ နာရီ သတင်းပို့တိုင်ကြားနိုင်
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မတ် ၆ ရက်အထိ တရားမဝင်ဝင်ရောက်လာသဖြင့် ထိန်းသိမ်းခဲ့သည့် ပြည်ပ နိုင်ငံသားစုစုပေါင်း ၁၄၃၈၅ ဦးအနက် ၁၃၂၆၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့
ဘင်္ဂလားဒေ့ရှ်တွင် စွမ်းအင်ချွေတာရန်အတွက် တက္ကသိုလ်များကို ပိတ်ထား
သြစတြီးယားက တီဟီရန်ရှိ ၎င်း၏သံရုံးကို ဘာကူမြို့သို့ ယာယီပြောင်းရွှေ့
ခြေစစ်ပွဲ Play-offs ပွဲစဉ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခါနီးမှ ကစားခွင့်ပေးဖို့ အီရတ်နည်းပြ ဂရေဟမ် အာနိုးလ် တောင်းဆို