■ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
■မွန်ပြည်နယ်ကို စက်သုံးဆီတင်သွင်းခွင့်ရရှိနေသည့် ရာဇာမင်းကုမ္ပဏီပိုင်ရှင် ဦးညီညီထွေးအား မော်လမြိုင်မြို့နယ် တရားရုံးမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ - ၅ ဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် ဒဏ်ငွေ ငါးသိန်းချမှတ်ခဲ့
■အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၃၉ ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်း
■ပါကစ္စတန်ကယ်ဆယ်ရေးအဖွဲ့များက ပင်လယ်အတွင်း ပျက်ကျသွားသည့် ကုန်တင်လေယာဉ်၏ အပျက်အစီးများ ကို ရှာဖွေတွေ့ရှိ
■ဘင်္ဂလားဒေ့ရှ်ရှိ ကမ္ဘာအကြီးဆုံးဒုက္ခသည်စခန်းတွင် မြေပြိုမှုဖြစ်ပွားသောကြောင့် လူရှစ်ဦးသေဆုံး
■၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အန်ဆယ်လော့တီနဲ့ ဆက်ပြီးလက်တွဲသွားမယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု















