မဏ္ဍိုင်သုံးရပ်လုံးတွင် ကန့်သတ်ချက်များ ရှိသဖြင့် လုပ်ပိုင်ခွင့်များကို ကျော်လွန်၍ မလုပ်ဆောင်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြား
မဏ္ဍိုင်သုံးရပ်လုံးမှာကန့်သတ်ချက် များ ရှိတာကြောင့် လုပ်ပိုင်ခွင့်များကို ကျော်လွန်ပြီး မလုပ်ဆောင်ရန်လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ကချင်ပြည်နယ်ရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများအား တွေ့ဆုံစဉ်ပြောကြား ခဲ့ပါတယ်။