ကင်ဂျုံအန်နှင့် ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အစိုးရက မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်
အမေရိကန်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်နဲ့ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်အောင် ကူညီခဲ့တယ်ဆိုတဲ့ တရုတ် ရေကြောင်းကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်အရေးယူခဲ့တယ်လို့ သိရပါတယ်။