အင်ဒိုနီးရှား Garuda လေကြောင်းလိုင်းက Boeing 737 လေယာဉ် ၄၉ စင်း မှာယူထားမှုကို ဖျက်သိမ်းမည်ဟု ထုတ်ပြန်
Boeing 737 Max 8 ဂျက်လေယာဉ်ပျက်ကျမှုနှစ်ခုဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှားအမျိုးသားလေကြောင်းလိုင်း Garuda က အဆိုပါလေယာဉ်အမျိုးအစား ၄၉ စင်းမှာယူထားမှုကို ဖျက်သိမ်းတော့မှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။