မုဒိမ်းမှုစွဲချက်ကြောင့် အမေရိကန်သို့သွားရောက်လျှင် စီရော်နယ်လ်ဒို ဖမ်းဆီးခံရနိုင်သဖြင့် ရာသီကြိုကာလ၌ အာရှသို့သာ ဂျူဗင်တပ်စ် ခြေစမ်းပွဲသွားကစားဖွယ်ရှိ

မုဒိမ်းမှုစွဲချက်ကြောင့် အမေရိကန်သို့သွားရောက်လျှင် စီရော်နယ်လ်ဒို ဖမ်းဆီးခံရနိုင်သဖြင့် ရာသီကြိုကာလ၌ အာရှသို့သာ ဂျူဗင်တပ်စ် ခြေစမ်းပွဲသွားကစားဖွယ်ရှိ
Published 24 March 2019

အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ မုဒိမ်းမှုစွဲချက်ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ လာမယ့်ရာသီကြိုကာလ ခြေစမ်းခရီးစဉ်ကို ထိခိုက်ဖွယ်ရှိနေပါတယ်။ စီရော်နယ်လ်ဒိုဟာ ၂၀၀၉ ခုနှစ်အတွင်းမှာ အမေရိကန်သူတစ်ဦးကို အလိုမတူဘဲကာမကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရကာ တကယ်လို့များ အမေရိကန်မှာသာ ခြေစမ်းပွဲသွားကစားခဲ့မယ်ဆိုရင် ဖမ်းဆီးခံရဖွယ်ရှိနေတယ်လို့ New Yorks Times က ဖော်ပြခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းက အာရှဒေသမှာသာ ခြေစမ်းပွဲကစားသွားဖို့ စီစဉ်နေပါတယ်။
 

Most Viewed

Most Recent