အမြန်လမ်းမကြီး ၉၇ မိုင်အနီးတွင် ဘုရားဖူးလိုက်ထရပ်ယာဉ်အား Express ယာဉ်က နောက်မှ ဝင်တိုက်မိ၍ အမျိုးသမီးလေးဦး သေဆုံး၊ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ

အမြန်လမ်းမကြီး ၉၇ မိုင်အနီးတွင် ဘုရားဖူးလိုက်ထရပ်ယာဉ်အား Express ယာဉ်က နောက်မှ ဝင်တိုက်မိ၍ အမျိုးသမီးလေးဦး သေဆုံး၊ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ
Published 25 March 2019

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၉၇ မိုင်အနီးမှာ ဒီကနေ့မတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းက နေပြည်တော် ဘက်မှ ရန်ကုန် ဘက်ကို မောင်းနှင်လာတဲ့ဘုရားဖူးလိုက်ထရပ်ယာဉ်ကို ရွှေကိန္ဒရီ ခရီးသည်တင် Express မှန်လုံယာဉ်က နောက်မှ ဝင်တိုက်မိတာကြောင့် လိုက်ထရပ်ယာဉ်ပေါ်လိုက်ပါသူ အမျိုးသမီးလေးဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ် ရာရရှိ သွားခဲ့တယ်လို့ သိရပါတယ်။

Most Viewed

Most Recent