ရှင်လောင်းလှည့်မည့်ဆင် လန့်၍ လူများကိုအန္တရာယ်ပြုခဲ့ခြင်းကြောင့်ကလေးငယ်တစ်ဦးသေဆုံးပြီး ဆင်ဦးစီးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရမှု ပေါင်မြို့နယ်တွင် ဖြစ်ပွားခဲ့
မွန်ပြည်နယ် ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာအုပ်စုသဗြူချောင်ကျေးရွာမှာ မတ်လ(၂၄) ရက်မနက်ပိုင်းက ရဟန်းခံရှင်ပြု အလှူပွဲတစ်ခုမှာ ရှင်လောင်းလှည့်မယ့်ဆင်တစ်ကောင်မှ လန့်ကာ လူတွေကို အန္တရာယ်ပြုခဲ့တာကြောင့် (၆)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ဆင်ဦးစီးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။