ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လက်ရှိတွင် အာဏာလည်းမရှိသလို ငွေလည်းမရှိဘဲ ဆိပ်ကမ်းမဲဆန္ဒနယ်၌ ၎င်းတို့ ကိုယ်စားလှယ် လောင်း အနိုင်ရရှိခဲ့ခြင်းမှာလည်း သန့်ရှင်းမှုရှိသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ပြော
ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်ဖြစ်သော ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)မှာ အနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်အနေနဲ့ သန့်သန့်ရှင်းရှင်းနဲ့ မဲအပြတ်အသတ် နိုင်ထားတာဖြစ်ပြီး သက်သေခိုင်ခိုင် လုံလုံနဲ့ ဖြေရှင်းသွားမယ်လို့ USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။