ပုသိမ်စက်မှုမြို့တော်စီမံကိန်းတွင် လုပ်ငန်းများစရန် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုဖြင့် စက်ရုံများ တည်ဆောက်မည်
အရင်အစိုးရလက်ထက် သက်တမ်းမကုန်မီက ဖွင့်လှစ်ခဲ့ပြီး နှစ်အတန်ကြာ မည်သည့်လုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်း မရှိသေးတဲ့ ပုသိမ်စက်မှုမြို့တော်စီမံကိန်းမှာ လုပ်ငန်းများ စနိုင်ဖို့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ စက်ရုံတွေတည်ဆောက်သွားမယ်လို့ သိရပါတယ်။