လာမည့်ရာသီတွင် ပြင်သစ်လီဂူး၌ မော်ရင်ဟို နည်းပြဖွယ်ရှိနေပြီး လိုင်ယွန်နှင့် မိုနာကိုအသင်းများထဲမှ တစ်သင်းကို တာဝန်ယူဖွယ်ရှိ
ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရာထူးက ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုကို ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ နည်းပြတစ်ဦးအဖြစ် မြင်တွေ့ရဖွယ်ရှိနေပြီး မော်ရင်ဟိုဟာ လိုင်ယွန်နဲ့ မိုနာကိုတို့ထဲက တစ်သင်းကို တာဝန်ယူသွားဖွယ်ရှိနေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။