စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝနယ်မြေအသစ်ငါးခုထပ်မံတိုးချဲ့ရန်ဆောင်ရွက်နေဟု တိုင်းသစ်တော ညွှန်ကြားရေးမှူး ပြောကြား
စစ်ကိုင်းတိုင်းဒေသကြီး၌ သဘာဝနယ်မြေအဖြစ်ငါးခုတည်ရှိထားပြီး သဘာဝနယ်မြေအသစ်ငါးခုထပ်တိုးချဲ့ဖို့ ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီးသစ်တောဦးစီးဌာနရုံးရဲ့ တိုင်းညွှန်ကြားရေးမှုးဦးသန်းစိုးကပြောပါတယ်။