တောင်ကြီးမြို့အဝင် မြင်းစီးရုပ်တု ဖျက်ဆီးသူကို ဖမ်းဆီးရမိခဲ့ပြီး ဓါတ်ပုံတက်ရိုက်ရင်း အရက်မူးပြီး ပြုတ်ကျရာမှ မြင်းရုပ်လက်ကို ဆွဲမိပြီး လိမ်ချိုးမိသလို ဖြစ်သွားခြင်းဟု ကျူးလွန်သူထွက်ဆို
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့အဝင် မြင်းစီးရုပ်တု ဖျက်ဆီးသူတွေကို ဖမ်းဆီးရမိခဲ့ပြီး မြင်းရုပ်ပေါ် ဓါတ်ပုံတက်ရိုက်ရင်း အရက်မူးပြီး ပြုတ်ကျရာမှ မြင်းရုပ်လက်ကို ဆွဲမိပြီး လိမ်ချိုး မိသလို ဖြစ်သွားတာဖြစ်ကြောင်း ကျူးလွန်သူက ထွက်ဆိုခဲ့တယ်လို့ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့ရုံး ထံကနေ သတင်းရရှိပါတယ်။