ကောလင်းမြို့နယ်၊ သစ်စေးတောင်တွင် တရားမဝင် ရွှေတူးဖော်နေသူ ၅၀ ကျော်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကျွန်းတောကျေးရွာအနီးမှာရှိတဲ့သစ်စေးတောင်မှာ တရားမဝင် ရွှေတူးဖော် နေသူဦးရေ ၅၀ ကျော်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့က မတ်လတတိယအပတ်အတွင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ကောလင်းမြို့ နယ် မဲဆန္ဒနယ်မြေအမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင့်စိုးက ပြောပါတယ်။