ဖုန်းလိုင်းမြေကျင်းတူးသည့် လုပ်သားများလိုက်ပါလာသော ၆ဘီးယာဉ်တစ်စီး အုတ်တွင်းမြို့နယ် ပဲခူးရိုးမတောင် ပေါ်တွင်တိမ်းမှောက်ရာမှ ၁၄ဦးသေဆုံး၍ ၂၀ဦးခန့်ထိခိုက်ဒဏ်ရာရ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက် ၃၇ မိုင်ခန့်အကွာ ပဲခူးရိုးမတောင်ပေါ်တွင် မတ်လ ၃၀ ရက် နေ့ညနေပိုင်းက ဖုန်းလိုင်းမြေကျင်းတူးရွှေ့ပြောင်းလုပ်သားတွေလိုက်ပါလာတဲ့ ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်ရာမှ ၁၄ ဦးသေဆုံးကာ၊ ၂၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ လူမှုကူညီရေး အသင်း အဖွဲ့မှရရှိထားတဲ့ ကနဦးသတင်းတွေအရသိရပါတယ်။