အောင်ပန်းမြို့ရှိ သမိုင်းဝင်ဗိုလ်မှူးကြီးဗထူးကျောက်တိုင်ကို ဖယ်ရှားခဲ့မှုနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးဗထူး၏ မြေးတစ်ဦးဖြစ်သူ ဒေါ်ကေသီထူးနှင့် ဆက်သွယ်မေးမြန်းချက်

အောင်ပန်းမြို့ရှိ သမိုင်းဝင်ဗိုလ်မှူးကြီးဗထူးကျောက်တိုင်ကို ဖယ်ရှားခဲ့မှုနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးဗထူး၏ မြေးတစ်ဦးဖြစ်သူ ဒေါ်ကေသီထူးနှင့် ဆက်သွယ်မေးမြန်းချက်
Published 31 March 2019

အောင်ပန်းမြို့ရှိ သမိုင်းဝင်ဗိုလ်မှူးကြီးဗထူးကျောက်တိုင်ကို လမ်းနဲ့မလွတ်လို့ဆိုပြီး ဖယ်ရှားခဲ့မှုဟာ ဗိုလ်မှူးကြီး ဗထူးမြေးဖြစ်သူရဲ့ မိသားစု သဘောတူညီချက်ရယူခဲ့တဲ့အပြင် ပြည်သူလူထုအားလုံးနဲ့  မြို့မိမြို့ဖများရဲ့ သဘောထားနဲ့ ဆောင်ရွက်ခြင်း ဖြစ်တယ်ဆိုပြီး ပြည်နယ်အစိုးရမှတင်ပြထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ  ဦးဇော် ဌေးက မတ် ၂၉ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးဗထူးရဲ့ မြေးတစ်ဦးဖြစ်သူ ဒေါ်ကေသီထူးကတော့ ဗိုလ်မှူးကြီးဗထူးကျောက်တိုင်ဖယ်ရှားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကို ဘာခွင့်ပြုချက်မှ တောင်းခဲ့တာမျိုးမရှိဘူးလို့ ဆိုပါတယ်။
 

Most Viewed

Most Recent