ယခုနှစ် မတ်လအတွင်းအမြန်လမ်း၌ ယာဉ်မတော်တဆမှုပေါင်း ၅၁ ကြိမ်ဖြစ်ပွားခဲ့ပြီးသေဆုံးသူ ၂၀ ဦးအထိရှိခဲ့
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာယခုနှစ်မတ်လအတွင်း၌ယာဉ်မတော်တဆမှုပေါင်း ၅၁ ကြိမ်ဖြစ်ပွားခဲ့ပြီးယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၂၀ ဦးအထိရှိခဲ့ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများထက် သေဆုံးထိခိုက်မှု ပိုများခဲ့တယ်လို့ နေပြည်တော်အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။