သင်္ကြန်သီချင်းက နှစ်ရှည်လများကျန်ရစ်ဖို ့အရမ်းခက်ခဲတာကြောင့် သီချင်းတစ်ပုဒ်လုပ်လိုက်ပြီးတစ်နှစ်ထဲ နားထောင်ရတာမျိုးတွေမလုပ်ချင်ဘူးလို ့ပြောလာတဲ့ လွှမ်းပိုင်
တေးသံရှင် လွှမ်းပိုင်ကတော့ သူ ့အနေနဲ ့ဆိုရင် သင်္ကြန်သီချင်းက သီချင်းဖြစ်ဖို ့သာလွယ်ပြီး ဖန်တီးရတာအရမ်းခက်ခဲတဲ့ သီချင်းမျိုးဖြစ်တယ်လို ့ဆိုပါတယ်။ နှစ်ရှည်လများကျန်ရစ်ဖို ့ဆိုရင် ပိုလို ့တောင်ခက်ခဲတာကြောင့်သီချင်းတစ်ပုဒ်လုပ်လိုက်ပြီး ပရိသတ်တွေအနေနဲ ့တစ်နှစ်ထဲနားထောင်ပြီးတော့ နောက်နှစ်တွေမှာ နားမထောင်ချင်တော့တဲ့သီချင်းမျိုးဖြစ်မှာစိုးတာကြောင့် သင်္ကြန်သီချင်းမလုပ်ဖြစ်တော့တဲ့ အကြောင်းကို အခုလိုပဲပြောပါတယ်။