■ အစိုးရနှင့်တပ်မတော်ကြားတွင် ဖက်ဒရယ်နှင့်ပတ်သက်ပြီး ဘုံရပ်တည်ချက်မရှိပါက ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့တိုးရန်ခက်လိမ့်မည်ဟု MIPS အမှုဆောင်ညွှန်ကြားရေးမှူးပြော
■ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက မြောက်ကိုရီးယားသို့ စစ်ဆေးရေးအဖွဲ့စေလွှတ်ရန် အသင့်ဖြစ်နေ
■ တစ်လခွဲနီးပါး လူထုဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် နိုင်ငံကို နှစ်၂၀ ကြာအုပ်ချုပ်ခဲ့သည့် အယ်ဂျီရီးယားသမ္မတ ရာထူးမှနုတ်ထွက်
■ ဟောင်ကောင်တွင်ပြုလုပ်ခဲ့သည့် လေလံပွဲတစ်ခုတွင် ၈၈ ကာရက်ရှိ ရှားပါးစိန်ပွင့်ကြီးကို ဒေါ်လာ ၁၁သန်းကျော်ဖြင့် ရောင်းချနိုင်ခဲ့
■ ဝုလ်ဗ်အသင်းအားရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတော့ဟု ဆိုးလ်ရှားဝန်ခံ
အစရှိတဲ့ သတင်းတွေအပြင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတွေ ပါဝင်ပါတယ်။