သမိုင်းဝင်ရဲဘော်သုံးကျိပ် ပန်းခြံဟောင်းမြေနေရာ ပြန်လည်ရရှိရန် ကမာရွတ်မြို့နယ် ရပ်ကွက်နေပြည်သူများ ဆန္ဒထုတ်ဖော်
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ယခင်ရဲဘော်သုံးကျိပ်ပန်းခြံ ယခု ကမာရွတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးဟောင်း မြေနေရာအား ရဲဘော်သုံးကျိပ်ပန်းခြံအဖြစ် ပြန်လည်ရရှိရေးနဲ့ ပန်းခြံအဖြစ်သာ ပြန်လည်တည်ဆောက်ပေးရေးအတွက် ရပ်ကွက်နေပြည်သူအချို့ က ဒီကနေ့ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။