၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ပြည်သူ့အတွက်တိုက်ရိုက်အကျိုးမပြုသော လုပ်ငန်းပေါင်း(၃၆)ခုမှ ကျပ်သန်းပေါင်း(၄၁၀၀)ကျော်ကို ဖြတ်တောက်ခဲ့ဟုရှမ်းလွှတ်တော်ကော်မတီဆို
၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းမှာ ပြည်သူလူထုအတွက် တိုက်ရိုက် အကျိုး မပြုတဲ့ လုပ်ငန်းပေါင်း(၃၆)ခုကကျပ်သန်းပေါင်း(၄၁၀၀)ကျော်ကို ဖြတ်တောက်စိစစ်နိုင်ခဲ့ပြီး အမှန်တကယ်လိုအပ်တဲ့ နေရာတွေမှာထည့်သွင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ ရှမ်းပြည်နယ်လွှတ်တော်၊ ဒေသန္တရစီမံကိန်းနဲ့ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီကပြောပါတယ်။