■ အစိုးရနှင့် တပ်မတော် အပါအဝင် နိုင်ငံရေး သြဇာကြီးမားသူများ စည်းဝေးပြီး အရေးကြီးသော ဆုံးဖြတ်ချက်များသာ ချမှတ်လုပ်ဆောင်ပါက တိုင်းပြည်ပြောင်းလဲမှု အကောင်အထည်ပေါ်လာမည်ဖြစ်ကြောင်း SNLD ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ပြောကြား
■ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ အတိုင်ကြားခံထားရသည့် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးမှာ အဂတိဥပဒေအရ အရေးယူရန် မဖြစ်သောကြောင့်ဟုဆိုကာ တစ်ဦးအား ရာဇဝတ်ဥပဒေအရ အမှုဖွင့်လှစ်ပြီး တစ်ဦးအား လွှတ်တော်မှ အရေးယူ
■ ပေါက်ကွဲမှုကြောင့် လူ ၇၈ ဦး သေဆုံးစေခဲ့သည့် ဓာတုစက်ရုံကို တရုတ်အာဏာပိုင်များ ပိတ်သိမ်းမည်
■ ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့တွင် ATM စက်များကို ဖောက်ခွဲဖျက်ဆီးပြီး ပိုက်ဆံလုယူရန် ကြံစည်မှုကို ရဲတပ်ဖွဲ့က ဟန့်တားနိုင်ခဲ့ပြီး သံသယရှိသူ ၁၀ ဦးကို သုတ်သင်နိုင်ခဲ့
အစရှိတဲ့ စိတ်ဝင်စားဖွယ်ရာ ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။