အိန္ဒိယမှ မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းရန် ပြန်လည်ခွင့်ပြုသည်ဆိုသည့်သတင်းကြောင့် မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် တစ်သောင်းခန့်နင့် မတ်ပဲတစ်အိတ်လျှင် နစ်ထောင်ခန့် ဈေးတက်
အိန္ဒိယနိုင်ငံကနေ မတ်ပဲနဲ့ ပဲတီစိမ်းတင်သွင်းခွင့်ကို ပိတ်ထားရာကနေ ပြန်လည်တင်သွင်းဖို့ ခွင့်ပြုလိုက်တယ်ဆိုတဲ့ သတင်းကြောင့် မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ အခုရက်ပိုင်းအတွင်း ပဲစင်းငုံသုံးတင်းဝင်တစ်အိတ်ကို ကျပ်တစ်သောင်းခန့်နဲ့ မတ်ပဲတစ်အိတ်ကို နှစ်ထောင်ခန့် ဈေးတက်ခဲ့တယ်လို့ မန္တလေးမြို့ပွဲစားစက်ပိုင်များ ကထိန်တော် အသင်းကနေ သိရပါတယ်။