သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးပြည်သူ့ဆေးရုံတွင် သွေးလိုအပ်နိုင်မည့်လူနာများအတွက် ပရဟိတ သွေးလှူရှင် အသင်းများ စုပေါင်းပြီး ဒုတိယအကြိမ် သွေးလှူဒါန်း
သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးမှာ သွေးလိုအပ်နိုင်မယ့် လူနာများအတွက် ပရဟိတ သွေးလှူရှင်အသင်းများစုပေါင်းပြီး သွေးလှူရှင်ပေါင်း ၁၅၀၀ ကျော် ပါဝင်တဲ့ ဒုတိယအကြိမ် သွေးလှူဒါန်းပွဲကို မန္တလေးမြို့မှာ ဧပြီ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။