သင်္ကြန်ကာလအတွင်း မန္တလေးစျေးချိုတော်စျေးပိတ်ရက်များတွင် မီးဘေးနှင့်အခြားလုံခြုံမှုရှိစေရန် နယ်မြေခံရဲတပ်ဖွဲ့နှင့်ပူးပေါင်း ကာ အလှည့်ကျစောင့်ကြည့်မှုများ ပြုလုပ်သွားမည်
သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးမြို့ရဲ့အဓိကလက်ကားစျေးကွက်ဖြစ်တဲ့ စျေးချိုတော် စျေးရောင်းချမှုကို ၈ရက်ကြာပိတ်ထားမှာဖြစ်ပြီး အဲဒီကာလအတွင်း မီးဘေးအန္တရာယ်နဲ့စျေးအတွင်းရှိ ပစ္စည်းတွေလုံခြုံမှုရှိစေဖို့ စျေးအကျိုးတော်ဆောင်အဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့နဲ့ပူးပေါင်းကာ အလှည့်ကျ စောင့်ကြည့်မှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။