သင်္ကြန်ဆိုရေတွေနှမြောတယ် ၊ ရေသိပ်မကုန်ပဲ သပြေခက်နဲ့ရေပက်ပြီးတစ်ယောက်နဲ့ တစ်ယောက်မေတ္တာ ကိုပြတဲ့ ယဉ်ကျေးမှုကိုပိုဖြစ်စေချင်တယ် လို့ဆိုတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်
သရုပ်ဆောင်အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ကတော့ ယခုနှစ်ကို ချင်းတွင်းသင်္ကြန်တွင် ဖျော်ဖြေရေးလုပ်ရင်း နဲ့ ဖြတ်သန်းမှာဖြစ်ပြီး ရေရှားပါးမှုတွေလည်း ဖြစ်နေတာကြောင့် သင်္ကြန်ရောက်တိုင်း ရေတွေနှမြောမိတယ် လို့ဆိုကာ ရေသိပ်မကုန်ပဲ သပြေခက်နဲ့ရေပက်ပြီးတစ်ယောက်နဲ့ တစ်ယောက်မေတ္တာ ကိုပြတဲ့ ယဉ်ကျေးမှုကို ပိုဖြစ်စေ ချင်တယ် လို့ဆိုပါတယ်။