ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယနေ့နံနက်ပိုင်းက ယာဉ်မတော်တဆမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး Alphard ယာဉ် တစ်စီးတိမ်းမှောက်မှုတွင် တစ်ဦးသေဆုံး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဧပြီ ၁၀ ရက် မနက်အစောပိုင်းက နေရာနှစ်နေရာမှာ ယာဉ်မတော် တဆမှု နှစ်မှုဖြစ်ပွားခဲ့ပြီး Alphard ယာဉ်တစ်စီးတိမ်းမှောက်မှုမှာတော့ ခရီးသည်အမျိုးသမီးတစ်ဦးသေဆုံး ခဲ့တယ်လို့ နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။