ယာဉ်မတော်တဆမှုဖြစ်ကာ ခွင့်ပြုအပိုပစ္စည်းအစိတ်အပိုင်း လဲလှယ်တပ်ဆင်ခြင်း ပြုလုပ်ထားသည့် Body Coach ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် RTA ရိုက်ပေးရန် အစီအစဉ်မရှိဟု သိရ
ယာဉ်မတော်တဆမှု ဖြစ်ပွားကာ ခွင့်ပြုအပိုပစ္စည်းအစိတ်အပိုင်း လဲလှယ်တပ်ဆင်ထားတဲ့ Body Coach ယာဉ်တွေကို RTA တံဆိပ် ရိုက်နှိပ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း YRAMDA ကို ပြန်ကြားထားတယ်လို့ သိရပါတယ်။