ကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော် အကုန်အကျခံ အဆင့်မြှင့်တင်ခဲ့သည့် မန္တလေးနန်းမြို့ ရိုးအရှေ့ဘက် ကျုံးဘေးလျှောက်လမ်းနှင့် ကျုံးလက်ရန်းအကာအရံများ ယနေ့ဖွင့်ပွဲ ကျင်းပပြုလုပ်မည်
ကျုံးအရှေ့ဘက်လျှောက်လမ်းနဲ့ ကျုံးလက်ရန်း အကာအရံများ အဆင့်မြှင့်တပ်ဆင်မှုအတွက် ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ကုန်ကျခဲ့ပြီး ဒီကနေ့ မဟာသင်္ကြန်အကြိုနေ့မှာ ဖွင့်ပွဲပြုလုပ်သွားမယ်လို့ အလှူရှင် ဧဒင်ကုမ္ပဏီအုပ်စုမှ ဥက္ကဋ္ဌဦးချစ်ခိုင်က ပြောပါတယ်။