အမျိုးသမီးများ၏ “လူမှုဘဝလုံခြုံရေး”ကို အလေးထား ဆောင်ရွက်ပေးရန် အစိုးရ၊ တပ်မတော်နှင့် EAOs များကို မြန်မာ့အမျိုးသမီးသမဂ္ဂ တောင်းဆို
နိုင်ငံ့ရေးရာ၊ အခြားအရေးကြီးကိစ္စတွေနဲ့တစ်ပြိုင်တည်း အမျိုးသမီးတွေရဲ့ “လူမှုဘဝလုံခြုံရေး”ကိုပါ အလေးထား ဆောင်ရွက်ပေးဖို့ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကို မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က နိုဝင်ဘာလ(၂၅)ရက်၊ (အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးနေ့)မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး တောင်းဆိုတိုက်တွန်း ခဲ့ပါတယ်။