မဟာသြင်္ကန်အကြတ်နေ့ မော်လမြိုင်နှင့် မုဒုံမြို့များတွင် ရေကစားသူများ ရေပက်ခံထွက်သူများ၊ စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားများပြား
မဟာသြင်္ကန်အကြတ်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ မုဒုံမြို့တွေမှာ ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများ၊ စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားနေတာကို တွေ့ရပါတယ်။
မွန်ပြည်နယ် သြင်္ကန်ကာလအတွင်း မဟာသြင်္ကန်အကြတ်နေ့ကို မုဒုံနေ့အဖြစ်သတ်မှတ်ကာ အနယ်နယ်အရပ်ရပ်မှ ရေပက်ခံကားများ၊ ဆိုင်ကယ်များ၊ ရေပက်ကစားသူများ မှ မုဒုံမြို့သို့သွားရောက်ကာ ရေကစားကြတာဖြစ်ပါတယ်။