■ မဟာ သင်္ကြန်အကြတ်နေ့ မန္တလေး လမ်းလျှောက်သင်္ကြန်တွင် နိုင်ငံတော်ဒုတိယသမ္မတ(၂) နှင့် နိုင်ငံတကာ သံရုံးမှ သံတမန်များ ပါဝင်ဆင်နွှဲခဲ့
■ ဆောမြို့နယ်တွင် ဘုရားပွဲကြည့်ရန်သွားသည့် ထော်လာဂျီတစ်စီး တိမ်းမှောက်မှုကြောင့် ငါးဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရ
■ မန္တလေးကျုံးတောင်ဘက်တွင် ဗုံးပေါက်ကွဲဆိုသည့် သတင်းမှာ မှန်ကန်ခြင်းမရှိပဲ မဏ္ဍပ်ပေါ်တွင် ရေကစားသူတစ်ဦးမှ မီးပန်းကို ဝှေ့ရမ်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးရဲတပ်ဖွဲ့ ထုတ်ပြန်
■ အီရတ်စစ်တပ်၏ စစ်ဆင်ရေးလုပ်ဆောင်မှုအတွင်း အိုင်အက်စ်တပ်မှူးတစ်ဦးနှင့် တိုက်ခိုက်ရေးသမားလေးဦးကို သုတ်သင်နိုင်ခဲ့
■ ဧဝရတ်တောင်အနီးရှိ နီပေါလေဆိပ်မှ ပျံတက်မည့် လေယာဉ်ငယ်တစ်စင်း ရပ်ထားသည့် ရဟတ်ယာဉ်ကို ဝင်တိုက်မိ၍ သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ
■ တရုတ်နိုင်ငံတွင် ၇၈ဦး သေဆုံးခဲ့သည့် ဓာတုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နောက်ထပ်သံသယရှိသူ ၁၇ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်း
■ ၁၁ နှစ်နီးပါးကြာမှ မေဂျာဆုဖလား ပြန်ဆွတ်ခူးနိုင်ခဲ့သည့် တိုက်ဂါးဝုဒ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရန့်နှင့် သမ္မတဟောင်း အိုဘားမားတို့ ဂုဏ်ပြုချီးကျူး
■ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်ကျန်ပွဲအားလုံးကို အနိုင်ကစားသွားမည်ဟု ယာဂန်ကလော့ပ်နှင့် ဂွါဒီယိုလာ အပြိုင်အဆိုင် ကြွေးကြော်
■ အကြမ်းဖက်သမားဟု ရည်ညွှန်း၍ သီချင်းလုပ်ဆိုခဲ့သော ချယ်လ်ဆီး ပရိသတ်ကို တုံ့ပြန်သည့်အနေဖြင့် ယောဂကျင့်သော ပုံစံပြုလုပ်၍ ဆာလာအောင်ပွဲခံခဲ့
အစရှိတဲ့ ပြည်တွင်း၊ နိုင်ငံတကာနှင့် အားကစား သတင်းတွေကို တင်ဆက်ပေးထားပါတယ်။