မိတ္ထီလာ တပ်မတော်ချည်မျှဉ်နှင့်အထည်စက်ရုံ ချည်စက်ရုံ အမှတ်(၂)တွင် ဓာတုပစ္စည်းများဓာတ်ပြုပြီး မီးလောင် မှု ဖြစ်ပွား
ဧပြီလ ၂၀ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က မိတ္ထီလာ ချည်စက်ရပ်ကွက်၊ တပ်မတော်ချည်မျှဉ်နှင့် အထည်စက်ရုံ၊ ချည်စက်ရုံ အမှတ် (၂) အရည် အသွေးစစ်ဆေးရေး (QC) ခန်းအတွင်း ဓာတုချည်ဆိုးဆေး နမူနာပစ္စည်းတွေတင်ထားတဲ့စင်ပေါ်မှာရှိတဲ့ ဓာတု ပစ္စည်းတွေ ဓာတ်ပြုပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။