“ မိဘတွေအနေနဲ့ Sex Education ဆိုတာ မကောင်းတာသင်တာမဟုတ်ဘူးဆိုတာကို အဓိကခေါင်းထဲမှာထည့်ထားပေးပါ၊ ကိုယ့်သား၊ သမီးကို ကာကွယ်မယ့် ပညာရပ်တရပ်ဖြစ်ပါတယ် ” (ရုပ်သံအစီအစဉ်)

“ မိဘတွေအနေနဲ့ Sex Education ဆိုတာ မကောင်းတာသင်တာမဟုတ်ဘူးဆိုတာကို အဓိကခေါင်းထဲမှာထည့်ထားပေးပါ၊ ကိုယ့်သား၊ သမီးကို ကာကွယ်မယ့် ပညာရပ်တရပ်ဖြစ်ပါတယ် ” (ရုပ်သံအစီအစဉ်)
Published 21 April 2019

၂၀၁၈ ခုနှစ်မှာရန်ကုန်တိုင်းဒေသကြီးမှာမုဒိမ်းမှုဖြစ်စဉ် အမှု ၃၀၀ နီးပါးဖြစ်ပွားခဲ့ပြီးဒါဟာ ၂၀၁၇ ခုနှစ်မှာဖြစ်ပွားခဲ့မှုထက် အမှု ၂၀ ပိုခဲ့ပါတယ်။ ဒါ့အပြင် စာရင်းမရရှိတဲ့ မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ််တွေလည်းများစွာရှိနေနိုင်ပါတယ်။ တဖက်မှာလည်းမုဒိမ်းမှုဖြစ်စဉ်တွေအတွက်ကြီးလေးတဲ့ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် နှစ် ၂၀ အထိချမှတ်နိုင်အောင် ဥပဒေကြမ်းပြင်ဆင်ပြီးအတည်ပြုနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ ၂၁ ရာစု အုပ်ထိန်းသူတွေဟာကိုယ်ရဲ့ ကလေးတွေကို ကြိုတင်ကာကွယ်မှုအနေနဲ့ Sex Education နဲ့ ပတ်သက်တဲ့အကြောင်းအရာကို အသိပညာပေးမှုတွေနဲ့ ပြောကြားမှုတွေရှိလာပါတယ်။ ဒီအပတ်ရဲ့ Exclusive Interview မှာတော့ The Body Book စာအုပ်အတွဲကိုရေးသားသူဖြစ်သလို Parenting Blogger ဖြစ်သူ Ma Jessica Mozart နဲ့ တွေ့ဆုံပြီး Sex Education ကို ကိုယ့်ရင်သွေးတွေကိုပြောပြဖို့ လိုအပ်လာမှုရှိမရှိ၊ ဒီလိုအသိပညာပေးပြောကြားထားမှုကကလေးတွေအတွက် ဘယ်လိုအကျိုးဆက်တွေရရှိမလဲ ဆိုတာတွေကို မေးမြန်းထားပါတယ်။

Most Viewed

Most Recent