ဦးပိန်တံတား အလယ်ဇရပ်အနီးရှိ အုတ်လှေကားအား စျေးသည်များ အတက်အဆင်းမပြုလုပ်စေရန် ရှေးဟောင်းသုတေသန ဌာနမှ အုတ်တံတိုင်းခတ်ကာရံပိတ်ဆို့မှုပြုလုပ်
အမရပူရမြို့နယ် ဦးပိန်တံတား အလယ်ဇရပ်အနီးရှိ အတက်အဆင်းလှေကားအားရှေးဟောင်းသုတေသနဌာနမှ သင်္ကြန်မတိုင်မီ ရက်ပိုင်းအတွင်း အုတ်တံတိုင်းခတ်ကာ ပိတ်ဆို့လိုက်ခြင်းဖြစ်ပြီး အဆိုပါလှေကားမှာ ဦးပိန်တံတားစဆောက်စဉ်ကပါရှိခဲ့ခြင်းမဟုတ်တာကြောင့် ပိတ်ကာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။