ဖားဆောင်းမြို့နယ်၊ မော်ချီးသတ္ထုတွင်းဒေသရှိ အန္တရာယ်ဖြစ်နိုင်သော နေရာများကို စစ်ဆေးခဲ့ရာ နေရာရှစ်နေရာကို ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေဟု ဆို
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်း ဒေသမှာရှိတဲ့ အန္တရာယ်ဖြစ်နိုင်တဲ့နေရာတွေကို တာဝန်ရှိသူ တွေစစ်ဆေးခဲ့ရာ ၁၃ ကုန်း ရပ်ကွက်အတွင်း အက်ကွဲကြောင်းတွေ တွေ့ရှိတာကြောင့် ကာကွယ်ရေး လုပ်ငန်းတွေ ပြုလုပ်ဖို့လို တယ်လို့ မော်ချီးဒေသ သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီအတွင်းရေးမှူး နော်မာဂရက်စိန်က ဧပြီလ ၂၁ ရက်နေ့ က ပြောကြားခဲ့ပါတယ်။