သီရိလင်္ကာတွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည့် ဘုရားကျောင်းအတွင်းသို့ အသေခံဖောက်ခွဲရေးသမားဟု ယူဆရသူ ဝင်ရောက်သွားသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာ
ဧပြီလ(၂၁)ရက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ အီစတာပွဲတော်နေ့က သီရိလင်္ကာနိုင်ငံမှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ဘုရားကျောင်း တွေထဲမှာ ပါဝင်တဲ့ ဆီဘက်စ်ရှန် ဘုရားကျောင်းအတွင်းကို အသေခံဖောက်ခွဲရေးသမားလို့ ယူဆရသူတစ်ဦး ဝင်ရောက်သွားတဲ့ မှတ်တမ်းဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။