ဝေဖန် စွပ်စွဲနေမှု တွေကို မဖြေရှင်းသလို ကိုယ့်ကို အကြောင်းပြုပြီး တစ်ဖက်သားတွေမှာ အကုသိုလ် စိတ်ဖြစ်သွားမှာ ကို အရမ်းကြောက်ပါတယ်ဆိုတဲ့ စာရေးဆရာမ ပုညခင်
စာရေးဆရာမ ပုညခင် ဖန်တီးတဲ့ အချစ်ဝတ္ထု တွေဟာဆိုရင် လူငယ်ပရိသတ်တွေ အားပေးမှု များပြား ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ့လို အားပေးတဲ့သူတွေရှိသလို ဝေဖန်စွပ်စွဲတဲ့သူတွေလဲရှိပြီး စာအုပ်အသစ် တစ်အုပ် ထွက်မယ့်အချိန်တိုင်း ထွက်တိုင်းမှာ ဝေဖန်စွပ်စွဲမှုတွေက အမြဲတမ်းလိုလို ပေါ်လာတာက သဘာဝလို
ဖြစ်နေတဲ့အတွက် မခံစားတတ်တော့ဘူးလို့ စာရေးဆရာမ ပုညခင် က ပြောလာပါတယ်။