တိုင်း နှင့် ပြည်နယ်အစိုးရများအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေများကို ဟန်ပြလုပ်ငန်းများတွင် မသုံးဘဲ အကျိုးရှိမည့် လုပ်ငန်းများတွင်သာ သုံးသွားရန် နိုင်ငံတော်သမ္မတ မှာကြား
တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေများကို မိမိတို့ဒေသအတွက် ဟန်ပြဖြစ်စေမယ့် လုပ်ငန်းမျိုးမဖြစ်စေဘဲ ဒေသခံပြည်သူများအတွက် အကျိုးရှိ ထိရောက်တဲ့လုပ်ငန်းများမှာ အသုံးပြုသွားကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မှာကြားခဲ့တယ်လို့ သိရပါတယ်။